စည်းကမ်းနှင့် သတ်မှတ်ချက်များ

နိဒါန်း

ဗေဒင်စွယ်စုံကို အသုံးပြုကြသူတွေအတွက် အောက်ပါစည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပေးကြဖို့ ကြိုတင်အသိပေးပါတယ်။ အောက်ပါ စည်းကမ်းချက်တွေကို သေသေချာချာလေးဖတ်ပေးပါ။ အသုံးပြုသူတိုင်းကိုလည်း ဒီစည်းကမ်းချက်တွေကို နားလည်အောင် ဖတ်ရှုထားပြီးပြီလို့သာ ယူဆသွားမှာဖြစ်ပါတယ်။ အကယ်၍ ကျွန်ုပ်ချမှတ်ထားသော စည်းကမ်းချက်များသည် မိတ်ဆွေတို့အတွက် တစုံတရာ အဆင်မပြေမှုများရှိပါက ဗေဒင်စွယ်စုံကို အသုံးမပြုကြဖို့ ကြိုတင်အသိပေးလိုပါတယ်။

ဉာဏပစ္စည်းမူပိုင်ခွင့်

ဗေဒင်စွယ်စုံမှာ အသုံးပြုထားတဲ့ ကုဒ်ပိုင်းဆိုင်ရာ၊ ဓာတ်ပုံ၊ စာသား အားလုံးဟာ ဉာဏပစ္စည်းမူပိုင်ခွင့်အောက်မှာ ရှိနေပြီးဖြစ်ပါတယ်။ ဒါကြောင့် အောက်ပါအချက်အလက်တွေကို သတိပြုလိုက်နာကြဖို့ အထူးသတိပေးနှိုးဆော်လိုက်ပါတယ်။

ကန့်သတ်ချက်များ

ဗေဒင်စွယ်စုံမှ အောက်ပါအချက်အလက်တွေကို မပြုလုပ်ကြဖို့ အထူးကန့်သတ်ထားပါတယ်။

  • ဗေဒင်စွယ်စုံအား မည်သည့်နည်းနှင့်မဆို ပျက်စီးရာ၊ ပျက်စီးကြောင်းအဖြစ် ကြံစည်အားထုတ်ခြင်း၊ ပြုလုပ်ခြင်း
  • မှတ်ပုံတင်ထားသော အကောင့်အား အများသူငှာကို ပေးသုံးခြင်း
  • ခွင့်ပြုချက်မရှိပဲ မိမိအကျိုးစီးပွားအတွက် အသုံးပြုခြင်း (ဥပမာ ... တဆင့်ပြန်လည်ရောင်းချခြင်း)
  • ခွင့်ပြုပေးထားသော နိုင်ငံမှမဟုတ်ပဲ နိုင်ငံကျော်ပြီး အသုံးပြုနေခြင်း
  • ခွင့်ပြုပေးထားသော စက်ပစ္စည်း ( Device ) မှမဟုတ်ပဲ Device များစွာမှ အသုံးပြုနေခြင်း ( Device များများသုံးချင်ရင် ကြိုတင်မှတ်ပုံတင်ထားပါ။ )
  • ပါဝင်သော ပုံ၊ စာသား၊ အချက်အလက်အားလုံးကို ခွင့်ပြုချက်မရှိပဲ ကူးယူဝေမျှနေခြင်း ( မျှဝေလိုပါက ခွင့်ပြုချက်တောင်းပါ။ )

အကောင့်ပြဿနာ

ဗေဒင်စွယ်စုံမှာ အကောင့်လျှောက်ထားသူအားလုံးဟာ ပေးအပ်ထားတဲ့ သက်တမ်းကုန်ပါက အလိုလို အသုံးပြုခွင့်ရပ်ဆိုင်းသွားမှာဖြစ်ပြီး ပြန်လည်သုံးစွဲနိုင်ဖို့ အကောင့်ကို ၇ ရက်သာစောင့်ပေးမှာဖြစ်ပါတယ်။ ၇ ရက်ပြည့်လို့ ပြန်လည်သုံးစွဲခြင်းမရှိပါက အကောင့်အား အပြီးတိုင် ဖျက်လိုက်မှာဖြစ်ပါတယ်။ ၇ ရက်ကျော်မှ ပြန်ဝယ်သူဟာ အကောင့်ကို အသစ်ပြန်လည်လျှောက်ထားခွင့်ရှိပါတယ်။ ငွေပေးသွင်းထားခြင်းမရှိပဲ အကောင့်လျှောက်ထားသူများအား ၃ ရက်သာစောင့်ကြည့်မှာဖြစ်ပြီး ၃ ရက်အတွင်း ငွေပေးသွင်းထားခြင်းမရှိပါက အကောင့်အား အပြီးတိုင် ဖျက်လိုက်မှာဖြစ်ပါတယ်။ အကောင့်ပိုင်းဆိုင်ရာ တစုံတရာအကူအညီလိုအပ်ပါက အချိန်မရွေးဆက်သွယ်နိုင်ပါတယ်။ လိုအပ်သလို ကူညီပေးသွားဖို့ အသင့်ရှိပါတယ်။ အသုံးပြုသူအနေနဲ့ မိမိအကောင့် မိမိသာသာသုံးစွဲနိုင်ရေးနဲ့ လုံခြုံရေးအတွက် မိမိတို့တွင်သာ တာဝန်ရှိနေကြောင်းကိုလည်း တခါထဲ အသိပေးလိုက်ပါတယ်။

Device ခွင့်ပြုချက်

ဗေဒင်စွယ်စုံ ကို အသုံးပြုသူတိုင်းအတွက် လူတစ်ဦးလျှင် Device နှစ်ခုကိုသာ သုံးစွဲခွင့်ပြုသွားမှာဖြစ်ပြီ။ သုံးမည့် Device အားလုံးကို မှတ်ပုံတင်ပေးထားရမှာဖြစ်ပါတယ်။ Device နှစ်ခုဟာ မည်သည့် အမျိုးအစားဖြစ်စေ၊ မတူညီသော Device နှစ်ခုသာဖြစ်ပါတယ်။ ဥပမာ ... Android, Window သို့ Window, ipad စသဖြင့်။ လူတစ်ဦးမှ Device နှစ်ခုနဲ့ အထက်သုံးစွဲချင်ပါက လစဉ်ကြေးအပြင် Device အပိုကြေးကိုပါ ပေးဆောင်ရမှာဖြစ်ကြောင်း အသိပေးပါတယ်။ သုံးစွဲလိုသမျှ Device အားလုံးကိုလည်း မှတ်ပုံတင်ပေးထားရမှာဖြစ်ပါတယ်။ အကယ်၍ မှတ်ပုံတင်ထားခြင်းလည်းမရှိ၊ ခွင့်ပြုထားသော Device လည်းမဟုတ်ပါက သက်ဆိုင်ရာ အရေးယူမှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း တခါထဲ အသိပေးလိုက်ပါတယ်။

Plan ပြောင်းခြင်း

ဗေဒင်စွယ်စုံမှာ Basic, Pro, Master ဆိုပြီး Plan သုံးခုရှိကြောင်း သိပြီးဖြစ်မယ်ထင်ပါတယ်။ မိမိစိတ်ကြိုက် Plan ကို သေသေချာချာ စဉ်းစားပြီး ဝယ်ယူစေလိုပါတယ်။ အကယ်၍ ဝယ်ယူသုံးစွဲပြီးမှ အဆင်မပြေမှုကြောင့် Plan ပြောင်းသုံးချင်ခဲ့ရင် လက်ရှိသုံးစွဲနေတဲ့ သက်တမ်းကုန်မှသာ နောက်ထပ် Plan ကို တိုးမြှင့်ပေးမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ Plan နှုန်းထားကိုလည်း ဆက်လက်ကောက်ခံသွားမှာဖြစ်ပါတယ်။

လစဉ်ကြေးများ

ဗေဒင်စွယ်စုံမှာ သတ်မှတ်ထားတဲ့ လစဉ်ကြေးတွေရှိပါတယ်။ မိမိနှစ်သက်ရာကို ရွေးချယ်ဝယ်ယူနိုင်ပါတယ်။ သက်ဆိုင်ရာလစဉ်ကြေးပေးသုံးနေသူတိုင်းဟာ မိမိစတင်ဝယ်ယူထားတဲ့ နှုန်းထားအတိုင်း ဆက်လက်ရပ်တည်နေမှာဖြစ်ပါတယ်။ ဆိုလိုတာက မိတ်ဆွေဟာ Basic ကို ၃၀၀၀၀ ကျပ်နဲ့ ပေးဝယ်ထားသူဆိုရင် အနာဂတ် Plan စျေးတက်လည်း ပိုပေးခွင့်မရှိပါဘူး။ အဲဒီဝယ်ယူစဉ်က နှုန်းထားအတိုင်းပဲ ဆက်လက်ပေးသွင်းခွင့်ရှိပါတယ်။ ဒါပေမယ့် ၃ လအတွင်း သုံးစွဲမှု မရှိလို့ အကောင့်ဖျက်သိမ်းခံရပါက စျေးနှုန်းအသစ်နဲ့ ကောက်ခံသွားမှာဖြစ်ပါတယ်။ အကောင့်သစ်၊ စျေးနှုန်းအသစ်ဆိုတဲ့ မူဝါဒဖြစ်ပါတယ်။ အမြဲတမ်းအသုံးပြုချင်သူ၊ နှစ်ကြာကြာအသုံးပြုချင်သူတွေအတွက် သက်ဆိုင်ရာ လျော့စျေးတွေကိုလည်း စီစဉ်ထားပြီးဖြစ်တာကြောင့် သိလိုပါက ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ငွေပြန်အမ်းခြင်း

ဗေဒင်စွယ်စုံကို လစဉ်တလခြင်းစီသာ မိမိဆန္ဒအလျှောက်ငွေပေးသွင်းနိုင်စေရန် ဒီဇိုင်းထုတ်ထားခြင်းဖြစ်ပြီး မိမိဘက်က အသုံးမပြုလိုပါက အချိန်မရွေးရပ်ဆိုင်းပိုင်ခွင့် ရှိပါတယ်။ ဒီရပ်ဆိုင်းမှုများအတွက် ငွေပြန်အမ်းမည်မဟုတ်ပါ။

တာဝန်ယူမှု

ဗေဒင်စွယ်စုံကို အသုံးပြုနေရင်းနဲ့ UI ဆိုင်ရာ၊ Coding ဆိုင်ရာ အမှားအယွင်းများကို အသိပေးပါက အလျင်အမြန်ပြုပြင်ပေးပါမယ်။ တွက်ချက်မှုဆိုင်ရာမှားယွင်းခြင်း၊ လိုအပ်ချက်ရှိနေခြင်းများကိုလည်း အချိန်မှီပံ့ပိုးပြုပြင်ပေးသွားပါမယ်။ မှတ်ပုံတင်ခြင်းဆိုင်ရာ ပြဿနာအခက်အခဲများကိုလည်း တာဝန်ယူဖြေရှင်းပေးသွားပါမယ်။

စည်းမျဉ်းကွဲလွဲမှု

ဗေဒင်စွယ်စုံမှာအသုံးပြုထားတဲ့ စည်းမျဉ်းစည်းကမ်းတွေဟာ အချိန်နဲ့အမျှ အပြောင်းအလဲရှိနိုင်ကြောင်း၊ ပြင်ဆင်ထားနိုင်ကြောင်း သတိပြုပါ။ ဗေဒင်စွယ်စုံကို အသုံးပြုတိုင်း ဒီစည်းမျဉ်းတွေကို အမြဲတမ်း ဖတ်ရှုလိုက်နာထားပြီးဖြစ်ရပါမယ်။ အခါအားလျော်စွာ စည်းမျဉ်းအသစ်တွေကို ဒီစာမျက်နှာမှာ ဖော်ပြပေးသွားမှာဖြစ်ပါတယ်။

အရေးယူမှု

ဗေဒင်စွယ်စုံရဲ့စည်းမျဉ်းစည်းကမ်းချက်တွေကို မလိုက်နာပါက အောက်ပါထဲမှ အရေးယူမှုတစ်ခုခုနှင့်ဖြစ်စေ၊ အားလုံးနှင့်ဖြစ်စေ အရေးယူသွားမှာဖြစ်ကြောင်း ကြိုတင်အသိပေးလိုက်ပါတယ်။

  • သတိပေးခြင်း၊ စောင့်ကြည့်ခြင်း
  • အကောင့်အား ယာယီပိတ်သိမ်းခြင်း
  • အကောင့်အား အပြီးတိုင်ဖျက်သိမ်းခြင်း
  • ဉာဏပစ္စည်းမူပိုင်ခွင့်ဖြင့် အရေးယူဆောင်ရွက်ခြင်း